နောင်တရားမြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်

နောင်တရား   ဩဂုတ်  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ စိုက်ပျိုး ရေးဦးစီးဌာနမှ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများ အတွက်တောင်သူများသို့ ပထမအကြိမ်ထောက်ပံ့ငွေအဖြစ် လယ်တစ်ဧကလျှင်(၈၃၅၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်း ကို နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ ညနေပိုင်း တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

နောင်တရားဒေသအတွင်းရှိ SR-456 မိုးစပါးစိုက်ပျိုးသည့် တောင်သူ()ဦး၏ လယ်(၁၀) ဧကအတွက် တစ်ဧကလျှင်(၈၃၅၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊  အဆိုပါ မျိုးစပါး စိုက်ပျိုး တောင်သူများ၏ မျိုးစပါးထွက်ရှိမှု ၅၀ ရာခိုင်နှုန်းကို အခြားတောင်သူများသို့ ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း အခမ်းအနားတွင် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တောင်သူတစ်ဦးချင်းစီ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(‌နောင်တရား)