မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက်ထုတ်ပေး

အထက်မင်းလှ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ဩဂုတ်(၂၁)ရက် နေ့မှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်   စနစ်တကျရှိစေရန် သုံးပေအကွာစည်းများပြုလုပ်‌ပေးထားခြင်း၊ လက်ဆေး ဘေစင်များ ပြုလုပ်ထားခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူ ဝေးမဖြစ် ပေါ်စေရန်အတွက် ဩဂုတ် ၂၁ ရက် နေ့တွင်မြို့မရပ်ကွက်၊ မြောက်ရပ်ကွက်လင်းကယ်၊ မကျီးပင်၊ ဘွဲ့၊ ညှင်းသွန်း၊ ကံရွာတို့မှ ပင်စင် စားများအားလည်းကောင်း ဩဂုတ်လ ၂၄ ရက် နေ့တွင်‌ တောင်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ ရုံးရပ်မြောက်ရပ်ကွက်၊ ရေနံမ၊ ဒီးဒုတ်ကန်၊ ဓာတ်ကုန်းကျေးရွာ တို့မှပင်စင်စားများအားလည်း ကောင်း၊ ၂၅ ရက် နေ့တွင် ရုံးရပ်တောင်ရပ်ကွက်၊ လက်ပံတံခါး၊ ရှမ်းတပ်ကြီး၊ သပြေပင်၊ ကန်တုတ်‌၊ သခွတ်ရင်း၊‌ တောင်ဦး၊ သံပုရာကန်ကျေးရွာတို့မှ ပင်စင်စားများအား နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးခဲ့ပြီး၊ ၂၆   ရက်နေ့တွင် ကပစ(၂)မလွန်၊ ကပစ(၁၀) ကုန်းကြီး၊ မိကျောင်းရဲ၊ ပန်းတော်ပြင်‌၊ ရွာသစ်၊ ဥယျာဉ်၊ ကုန်းကြီးကျေးရွာတို့မှ ပင်စင်စား များအားလည်းကောင်း၊ ၂၇ ရက်တွင် ရုံးရပ်‌တောင်ရပ်ကွက်၊ ရုံးရပ်မြောက်ရပ်ကွက်၊ စစ်ကိုးပင်၊ ကျောက်ပုံ၊ ညောင်ပင်သာ‌၊ ရွာသစ်‌၊ ရွာသာလှ၊ ထန်းကိုင်း ကျေးရွာတို့မှ ပင်စင်စား များအား လည်းကောင်း၊ ၂၈ ရက်တွင်  ကပစ(၁၃) ပိတောက်ကန်၊ လက်ပံ၊  ညောင်ဝိုင်း၊ သက္ကယ်ကျင်း‌၊ သပြေတော၊ မင်းတဲကြီး‌ ၊စစ္စနို့ ကျေးရွာတို့မှ ပင်စင်စားများ အား‌ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ် ရက်များ တွင်  လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား   စက်တင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန် အတွင်း၌ ပင်စင်များကို ထုတ်ပေးမည်ဖြစ်ပြီး၊ မင်းလှမြို့နယ်တွင် မြန်မာ့ စီးပွား ရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၃) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်တင်တင်ဌေးထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)