ပဲခူးမြို့တွင် ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူး ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက  ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့် အမှာစကား ပြောကြားပြီး ငါးလုပ်ငန်း တိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဝင်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် (၂၆.၈.၂၀၂၀) ရက်နေ့မှ (၂၈.၈. ၂၀၂၀) ရက်နေ့ထိ (၃)ရက်ကြာ သင်တန်းသား သင်တန်းသူ (၂၀)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)