မိုင်းယောင်း သြဂုတ် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့တွင် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ မသန်စွမ်းသူ ၂၈ ဦးအား တစ်ဦးလျှင် ငွေ ၃၀၀၀၀ ကျပ်စီကို ထွေ/အုပ်၊ လူမှုဝန်ထမ်း၊ အမျိုးသမီးရေးရာ၊ မိခင် ကလေးနှင့် တာဝန်ရှိတို့မှ မသန်စွမ်းသူများ လက်ဝယ်သို့ အဖွဲ့ခွဲကာ လိုက်လံပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လာပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ မသန်စွမ်းသူများလက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း