ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်၌ မဲရုံနေရာထားရှိရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ကြည့်ရှု

ဒဂုံ ဩဂုတ် ၂၆

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာများ ကွင်းဆင်း ကြည့်ရှုခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်အတွင်းရှိ စည်ပင်သာယာရေးဓမ္မာရုံနှင့် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေမေသန်း၊ ပညာရေး ဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက် တာဝန်ခံတို့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ခွဲကော်မရှင်တာဝန်ခံများက မဲရုံနေရာ အကျယ်အဝန်း၊ ပြည်သူများ စနစ်တကျ မဲပေးနိုင်ရန်အတွက် မဲရုံအတွင်း ဆောင်ရွက်ထားရှိရမည့်အချက်များ၊ တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာထားရှိရေး၊ လက်ဆေး ကန်များ စနစ်တကျထားရှိရေးနှင့် သက်ကြီးမဲပေး သူများ အဆင်ပြေစေရန် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက် ထားရှိရေး တို့ကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲတာဝန်ခံများအား မှာကြားထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)