ဖယ်ခုံ သြဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ပညာပေး ဆောင်ရွက်လျက်ရှိရာ အဆိုပါပညာပေး လုပ်ငန်းများကို လူထူထပ်သော မြို့လည် အဝိုင်းတွင် လည်းကောင်း၊ မြို့မဈေးတွင် လည်းကောင်း၊ မိုးဗြဲတွင်လည်းကောင်း အဖွဲ့များခွဲ၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ယင်းသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို Hand Spaker ဖြင့် အသိပညာပေးနိုးဆော် ဆောင်ရွက်ခြင်း၊ Covid-19 ရောဂါကြိုတင်ကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုထွေး(ဖယ်ခုံ)