ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

ဇီးကုန်း ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ခရီးသွားပြည်သူများနှင့် အဝေးပြေး ခရီးသည်တင်ယာဉ်များအား စစ်ဆေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်က ဇီးကုန်းမြို့နယ်၌ ဆောင်ရွက်ခဲ့ကြသည်။

ဇီးကုန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ်များအား ရပ်တန့်၍ ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင် မေးမြန်း မှတ်သားခြင်း၊ နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)