မိုးနဲ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ တောင်ကြီးမြို့ နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မိုးနဲမြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနှင့် ပူးပေါင်းကာ (Quarantine Center)တွင် ဝင်ရောက် နေကြသော နေရပ်ပြန်ပြည်သူများအား ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က တစ်ကိုယ်ရေသုံး ပစ္စည်းများလာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းပေးအပ်ရာတွင် မိုးနဲမြို့နယ် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့ နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံနှင့်အဖွဲ့ဝင်များ၊မိုးနဲမြို့နယ် နမ့်ခုံး ရှမ်းများ ပရဟိတအသင်းခွဲမှဥက္ကဋ္ဌ ဦးစိုင်းထွန်းလှ နှင့်တာဝန်ရှိသူ များ က မိုးနဲမြို့ ပြည်သူ့ဆေးရုံနှင့် မိုးကုတ်ရိတ်သာဘုန်း တော်ကြီးကျောင်းတို့၌ (Quarantine Center) ဝင်ရောက်လျက်ရှိသော အမျိုးသမီး သုံးဦး၊ အမျိုးသား ရှစ်ဦး စုစုပေါင်း ၁၁ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၃၂၅၀) တန်ဖိုးရှိ ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း မိုးနဲမြို့နယ် နမ့်ခုံး ရှမ်းများ ပရဟိတ အသင်းခွဲရုံးမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)