ဖာပွန် သြဂုတ် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပေးလှည့်လည်ကြေညာခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် လိုက်နာရမည့်ကျန်းမာရေးဆိုင်ရာနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးနှိုးဆော်ချက်များကို ရပ်ကွက်များအလိုက် အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ချက်များတွင် ပြည်သူများမိမိအိမ်တွင်သာတတ်နိုင်သမျှ နေထိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန် စသည်တို့ပါဝင်ကြောင်း သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အကြံပြုချက်များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး၊ (COVID-19)ရောဂါ၏ ရိုက်ခတ်မှုအပေါ် ပြည်သူများသတိရှိရှိဖြင့် ကာကွယ်နိုင်စေရေးရည်ရွယ်၍ တိုက်တွန်းနှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင် (ပြန်/ဆက်)