မော်လမြိုင်ကျွန်း၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်

 မော်လမြိုင်ကျွန်း  ဩဂုတ် ၂၇

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး  ကြိုတင်ကာကွယ်နိုင်ရန် အတွက် နံနက် ၉ နာရီအချိန်တွင် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူအများစုဝေးရာ နေရာသို့မသွားရန်၊ မဖြစ်မနေပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)တပ်ရန်၊ ပြင်ပမှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျဆေး ဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့်  အသိပညာပေး ကြေငြာချက်များအား မြို့နယ်အတွင်း တစ်နေ့လျှင် ၅ ကြိမ် လှည့်လည်ကြေငြာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍  ကျန်းမာရေး စစ်ဆေးခြင်း၊  ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ဆိုင်ကယ်ဦးထုတ်များဆောင်းရန်၊ ၂ ဦး ထက်ပိုမစီးရန်၊ ကုန်ပစ္စည်းများ ဝန်ပိုမတင်ဆောင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)