လပွတ္တာမြို့၌ အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း များဆောင်ရွက်

လပွတ္တာ  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ စည်ပင်သာယာဈေးကြီးအတွင်း၌ အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆားလုပ်ငန်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ စည်ပင်သာယာ ဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များ ဆားစက်များ၌ ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်း အရည်အသွေး ပြည့်မီမှု  ရှိ၊မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေး ပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွင့်ဆုံးရှုံးမှုမရှိစေရေး လုံခြုံစွာဖုံးအုပ် အသုံးပြုကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်သော အာဟာရဓာတ်တစ်ခု ဖြစ်ကြောင်း၊ အိုင်အိုဒင်း ဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည် နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါ ခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်း စသည့်ရောဂါများ ခံစားရနိုင်ကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဝင်းကျော်မြင့်(ပြန်/ဆက်