ချောင်းဆုံ ဩဂုတ် ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ဈေးများတွင် ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်နှင့်အညီ စနစ် တကျလိုက်နာဆောင်ရွက်မှု အခြေအနေများကို ယနေ့ နံနက်(၆) နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့မ အမှတ်(၁)၊ အမှတ်(၂)ဈေးများ မုရစ်ကလေးနှင့် ရွာလွတ် အဖွဲ့ပိုင်ဈေးများသို့ သွားရောက်ပြီး ဈေးရောင်း/ဈေးဝယ်သူများအား၊ ဈေးအတွင်းဈေးဝယ်ရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နေမှု အခြေ အနေများကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထူးအိမ်(ပြန်/ဆက်)