သာယာဝတီမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

သာယာဝတီ   ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊   သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းက စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားသည်။

ထို့နောက်    စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော "ပန်းလိုချင်  အပင်ကို ပျိုးတတ်မှ" စာအုပ်အား  Book Club  အသင်းအတွင်းရေးမှူး  မိုးသဲအောင်(ပန်းမြေ) က  ဦးဆောင် ဖတ်ကြား ဆွေးနွေးပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသော စာပေဝါသနာရှင် များက တစ်ဦးခြင်းအလိုက်  မိမိတို့၏ အမြင်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)