ကလော ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန် ကလောမြို့ ပြည်ထောင်စုလမ်းမကြီး မြို့အဝင်ဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က မြို့တွင်းဖြတ်သန်း သွားလာသူများအား အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် ခရီးသွားအချက် အလက်များ ကောက်ယူစစ်ဆေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
ထို့နောက် ကလောမြို့မစျေးတို့တွင် စျေးရောင်း/စျေးဝယ်နှင့် စျေးသွား/စျေးပြန် ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များတပ်ဆင်အသုံးပြုနိုင်ရန် Mask အခု ၅၀၀ ကို အခမဲ့ဖြန့်ဝေ၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)