နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လျာထား မဲရုံတည်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးဆောင်ရွက်

 

နမ္မတူ ဩဂုတ် ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လျာထားမဲရုံတည်နေရာများအား လိုက်လံ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖာဆွမ်ကျေးရွာအုပ်စုသို့ သွားရောက်ကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ၂၀၂၀ပြည်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လျာထားမဲရုံနေရာများအား ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးကာ ပေါင်းစပ် ညှိနှိုင်း ကူညီဆောင်ရွက် ပေးခဲ့သည်။

အလားတူ ခိုဖိတ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စုနှင့် ကြူဆော့ကျေးရွာအုပ်စုသို့ သွားရောက်ကာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ ကာ ၂၀၂၀ပြည်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လျာထား မဲရုံနေရာများအား ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးကာ ပေါင်းစပ် ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)