သတင်းများ

မြိတ်မြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းသူ အမျိုးသမီးငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ
Jul 10,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် သင်တန်းသူ အမျိုးသမီးငယ်များ အသိ ပညာဗဟုသုတများ တိုးပွားသိရှိစေရန်နှင့် ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သားဖွားသင်တန်းကျောင်း (မြိတ်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပသည်။
တွံတေးမြို့နယ်တွင် အသက် (၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D CUP 2026 ဘောလုံးပြိုင်ပွဲကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄)နှစ်အောက် U–14 Boys Royal–D CUP 2026 ဘောလုံးပြိုင်ပွဲကို မြို့မအားကစားတွင် ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် လောင်းကစားမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 10,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ဥပ‌ဒေရုံးတို့ပူးပေါင်း၍ လောင်းကစားမှု လျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် (မိုးရာသီ) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
Jul 10,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် (မိုးရာသီ) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီ တွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့နယ်တွင်   နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ
Jul 10,2026
‎‎တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများကယနေ့ နံနက် (၉)နာရီက ထားဝယ်တက္ကသိုလ် Community centre ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပ
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက် အားပေးကြသည်။
စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jul 10,2026
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင် ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။
သုံးခွမြို့နယ် ပျဉ်းမကန်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း ပြုလုပ်
Jul 10,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊  ​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း( Public Talk ) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပျဥ်းမကန်ကျေးရွာ အနောက်ကျောင်းတိုက်ဓမ္မရုံ၌ ကျင်းပသည်။