မဘိမ်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွား၍ သဘာဝဘေးသင့်ခဲ့သော အခြေခံပညာအထက် တန်းကျောင်း(ခွဲ)သို့ ယမန်နေ့ ညနေ ၂ နာရီ ၅၀ မိနစ်အချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ Single Desk (၂၀)စုံ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ PPE ဝတ်စုံ(၃)စုံ၊ Mask(၁၀၀)ခု၊ Hand Gel (၃)ဘူး၊ အရက်ပျံ(၅)ဘူး၊ Face Shield(၂၀)ခု၊ ခြေနင်းအမှိုက်ပုံး(၄)ပုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြတ်မင်းကျော်မှ လက်ဆေးကန်(၃)ခုနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဦးစိုင်းတင်ထွန်းဦးမှ Whiteboard(၂)ချပ်၊ Duster(၂)ခု၊ မာကာပင်(၁)ဒါဇင်တို့ကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် ကော်မတီဝင်များမှ ပေးအပ်လှူခဲ့ဒါန်းရာ လဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အောင်က လက်ခံရယူခဲ့ ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)