မြောင် သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် အခြေခံ သမဝါယမ အသင်းသူ အသင်း သား တောင်သူ များအား EXIM Bank စုဆောင်းငွေမှ ရရှိလာသည့်အတိုးပေါ်မှထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် သမဝါယမအသင်းစုခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ သမဝါယမဦးစီးဌာနမှ အခြေခံသမဝါမ အသင်းသူ/သား တောင်သူများအား EXIM Bank မှ သူတို့ စုဆောင်းငွေက ရရှိလာသည့်အတိုးပေါ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွင်းမှာ စိုက်ပျိုးစရိတ် အထောက်အပံ့အဖြစ် ထုတ်ပေး ခြင်းဖြစ်ပါတယ်" ဟု မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးမှူးဒေါ်သောင်းမေက ပြောပြ၍ သိရသည်။
မြောင်မြို့နယ်တွင်EXIM Bank အခြေခံသမဝါယမအသင်းသား တောင်သူ (၈၇) သင်းရှိကာ စုဆောင်းငွေ (၉၉၈.၀၇၅၀၀၀) ကျပ်သန်းအပေါ် စုဆောင်းငွေအတိုး (၇၄.၈၅၅၆၂၅) ကျပ်သန်းအား အခြေခံသမဝါယမ အသင်းဝင်များထံသို့ ထုတ်ပေး ခဲ့ကြောင်း သိရသည်။
တင်ကိုကို(မြောင်)