မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများနှင့်အတူ Mask အခုရေ (၁၀၀၀) အား ပြည်သူများထံ ဖြန့်ဝေပေး

ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအားလုံး ကိုဗစ်-၁၉ ကူးစက်ခံရ ခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ် ၍ Mask တပ်ဆင်မှုရှိစေရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ စျေးများဖြစ်သည့် မင်္ဂလာတောင်ညွန့်စျေးနှင့် စံပြစျေးများ အတွင်းရှိ စျေးရောင်းချနေသူများနှင့် စျေးလာ ဝယ်သူပြည်သူများအား အသိပညာပေးခြင်းနှင့် Mask အခုရေ (၁၀၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်း၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင်များက စျေးများ အတွင်းရှိ ရောင်းချနေသော စျေးသည်များ နှင့် စျေးလာဝယ်သူများအားလုံး Mask တပ်ဆင်ပြီးမှ ဝယ်ယူရောင်းချမှုရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ အတိုင်း တိကျစွာ လိုက်နာမှုရှိစေရန် တို့ကို အသိပညာပေး ကြေညာပေးခဲ့ကြပြီး Mask အခုရေ (၁၀၀၀)ကို ပြည်သူများ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)