ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေး​သောနေရာများသို့ လျှပ်စစ်မီးရရှိရေး ကွင်းဆင်းဆောင်ရွက်

တောင်ဒဂုံ သြဂုတ်၂

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ရှမ်းတဲကြီး ကျေးရွာ ဆည်မြောင်းအပိုင်ရှိ အိမ်ခြေ ၈၀ ခန့် လျှပ်စစ်မီးရရှိ​ရေးအတွက် အကူအညီ​တောင်းခံလာမှု အား ယမန်နေ့ ညနေ (၄)နာရီအချိန်က အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်လျှပ်စစ်တာဝန်ခံ၊ စည်ပင် သာယာ​ကော်မတီအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်နှင့် ရပ်​ကျေးအဖွဲ့ချုပ် ခေါင်း​ဆောင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်မီးမရရှိသေးသော နေရာများအတွက် မည်သို့အခက်အခဲများရှိကြောင်း မြို့နယ်လျှပ်စစ် တာဝန်ခံက ရှင်းလင်း ပြောကြား ခဲ့ပြီး မိမိတို့အနေဖြင့် လျှပ်စစ်မီးရရှိအောင် အစွမ်းကုန်ကြိုးစားကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် လျှပ်စစ်မီးတိုင်များ စိုက်ထူနိုင်မည့်နေရာများ အား လိုက်လံကြည့်ရူစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ကူညီ ဆောင်ရွက်ပေးမည် ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)