ကော့ကရိတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ကော့ကရိတ်     သြဂုတ်   ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းလမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။

Mask Campaign ပြုလုပ်ရာတွင် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်ပြီး လမ်းသွားလမ်းလာပြုလုပ်သူတိုင်း အပြင်ထွက်တိုင်း mask တပ်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုအပ်ကြောင်း၊ နေ့စဉ် လူစည်ကားရာရပ်ကွက်များတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုထံမှ သိရှိရသည်။

စိုးထက်အောင်(ပြန်ဆက်)