လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

လသာ    ဩဂုတ်     ၃၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေး စေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှစ၍ မြို့နယ်အတွင်းရှိ လမ်းများတွင် ပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရှိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးစေရေးအတွက် ဆရာတော် သံဃာ တော် ငါးပါးဖြင့် မြို့နယ်အတွင်းရှိ လမ်းမများ၊ ရပ်ကွက် အတွင်းလမ်းများတွင် ပရိတ်တရားတော်များကို မော်တော်ယာဉ် ဖြင့် လှည့်လည် ရွတ်ဖတ်ခဲ့ကြပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သည့် ဆရာတော် သံဃာတော်များအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ရပ်မိရပ်ဖများက အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မေသူ (ပြန်/ဆက်)