မိုင်းခတ်မြို့နယ်၌ (ဒုတိယအကြိမ်) ဆုံဆို့နာရောဂါ တုန့်ပြန်ကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေး

မိုင်းခတ်     ဩဂုတ်    ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အသက် ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာ ရောဂါ တုန့်ပြန်ကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝမ်ခုတ်အုပ်စု၊ နောင်ဖူ ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးမှူး ဦးထွန်းအာကာ ဦးဆောင်ပြီး သားဖွားဆရာမများက မိသားစုအလိုက် စာရင်း ရေးသွင်း ကောက်ယူပြီး ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် အမှီလိုက် ကာကွယ်ဆေးများအား ကလေးငယ် စုစုပေါင်း (၂၅၀) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆုံဆို့နာရောဂါသည် အထူးဒေသများမှ ပြောင်းရွှေ့လာသူများနှင့် ငယ်စဉ်အရွယ်က ကာကွယ်ဆေး မထိုးလိုက်ရသည့် ကလေးများ၌ အများဆုံးဖြစ်ပွားနိုင်ကြောင်း၊ ၎င်းရောဂါ ပြန့်ပွားမှု မရှိစေရေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်၍ ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာ/အုပ်စုများအထိ ကွင်းဆင်းဆောင်ရွက်ပေးနေပြီး မိုင်းခတ်မြို့နယ်တွင် ယခု အချိန်ထိ ဆုံဆို့နာရောဂါဖြင့် သေဆုံးသူဦးရေ (၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မိုးဒေ (ပြန်/ဆက်)