ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တသီးပုဂ္ဂလနှင့် ပါတီ(၁၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၁၉၀) ပါဝင် ယှဉ်ပြိုင်မည်

သန်လျင် သြဂုတ် ၃၁

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းမှ တသီးပုဂ္ဂလနှင့် ပါတီအသီးသီးမှ ယှဉ်ပြိုင်အရွေးခံ ကြမည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ကြေညာ ကပ်ထားသည်ကို တွေ့ရသည်။ အလားတူ ခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကြေငြာပေး မည်ဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာများအတွက် တသီး ပုဂ္ဂလနှင့် ပါတီ(၁၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၁၉၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

သန်းဝင်း(သန်လျင်)