ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ဒဂုံတောင် ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ (၂၅x ၄၀) ပေ၊ သွပ်မိုး၊ မြေစိုက် ကွန်ကရစ်ခင်း၊ (၁)ထပ် ဂိုဒေါင်အဆောက်အဦ၌ ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်း ရှိ (၂၅x၄၀)ပေ၊သွပ်မိုး၊ မြေစိုက်ကွန်ကရစ်ခင်း၊ (၁)ထပ် ဂိုဒေါင် အဆောက်အဦ၌ (၅)ဂါလံဝင် ဓာတ်ဆီထည့်ထားသော သံပုံးအား ဂွဖြင့်လှည့်ဖွင့်ရာမှ မီးပွားထွက်၍ ဓာတ်ဆီပုံးသို့ မီးစတင်‌လောင်ကျွမ်းရာမှ မီးလောင်မှုဖြစ်ပွားပြီး မီးလောင်ရာနေရာသို့ ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်စုံ၏ကွတ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၂၀၇) ဦး၊ အရန်တပ်ဖွဲ့ဝင် (၆၂) ဦး၊ စုစုပေါင်း (၂၆၉)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊‌ ရေသယ်ယာဉ်(၈)စီး၊ အထောက်အကူပြုယာဉ် () စီး၊ ကွတ်ကဲမှုယာဉ် ()စီး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ ညနေ ၅ နာရီ ၁၁ မိနစ်တွင် မီးထိန်းနိုင်ပြီး ၅နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိ‌ကြောင်းနှင့် ပိုင်ရှင်အား အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

သန်းသန်းအေး