Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည်နေ့) ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်း ကျင်းပ
Oct 18,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း သုံးထပ်ဆွမ်းစားကျောင်းဆောင် ဒုတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် ဒုတိယအကြိမ် အလှူပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်၍ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ကျင်းပသည့် ဝါတွင်းကာလဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား
Oct 18,2024
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၊ ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ဝါသီးနှံအထွက်နှုန်း၊ အရည်အသွေးတိုးတက်မြှင့်မားရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုနှင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
Oct 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ယမန်နေ့နံနက်ပိုင်းက ဝါသီးနှံအထွက်နှုန်း၊ အရည်အသွေးတိုးတက်မြင့်မားရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုနှင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီမီးထွန်းညှိပူဇော်ပွဲ ကျင်းပ
Oct 18,2024
ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီမီးထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီခွဲက ဘုရားကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သု၀ဏ္ဏ၀တီမြို့၌ (၇၆) ကြိမ်မြောက် သံဃာ့ပဝါရဏာပြုပွဲနှင့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပပြုလုပ်
Oct 18,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ပဝါရဏာပြုပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက္ကော်ရပ်ကွက်၊ ရွှေဘုံသာစေတီကုန်းတော်ပေါ်ရှိ ဓမ္မဝေပုလ္လသိမ်တော်နှင့် ဓမ္မောဒယ သာသနာ့ဗိမာန်တော်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား
Oct 18,2024
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3033
Page
3034
Page
3035
Page
3036
Current page
3037
Page
3038
Page
3039
Page
3040
Page
3041
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department