မုံရွာမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်း၊ ကဗျာနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၈

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ့ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျပန်း၊ ကဗျာနှင့် ဉာဏ်စမ်းပဟေဠိ ‌ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ့ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြိုင်ပွဲများကို ယှဥ်ပြိုင်လျက်ရှိရာ ကျပန်းပြိုင်ပွဲ အထက်တန်းအဆင့်တွင် "ပြည်ထောင်စု‌ကြီး အဓွန်ရှည်ဖို့ ပြည်ထောင်စုနေ့ကို အလေးထားစို့”၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ  မူလတန်းအဆင့်တွင် “ပြည်ထောင်စုဖွားညီနောင်များ”၊ "ပြည်ထောင်စုနေ့"၊  ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အလယ်တန်းအဆင့်တွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာမေးခွန်းများအားလည်းကောင်း အသီးသီးယှဉ်ပြိုင်‌ခဲ့ကြသည်။

အဆိုပါ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုတို့နှင့် ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်သူ့ဆက်ဆံရေး ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်၊ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူငယ်ရေးရာဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် လယ်တီအလယ်တန်းကျောင်းခွဲတို့မှ ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာကြီးများနှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးခဲ့သည်။
ပြိုင်ပွဲများတွင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့်
 
ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ လက်ဝယ်အရာက် ပေးအပ်‌‌ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)