အောင်လံ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြလို့မြို့ အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီကကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့တို့အားဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ပြလို့မြို့အုပ်ချုပ်ရေးမှူးရုံး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာကုမ္ပဏီများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ၊ တက် ရောက်လာသော ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ကျီရပ် ကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၂၆၄)၊ လုပ်ငန်းပမာဏ (၂၀၀) ဧကခန့်နှင့် တောင်သူ (၉၂) ဦး တို့အား တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာ ဦးစီးဌာန စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၁၆၈.၈၅)ဧက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)