နောင်တရား ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်ဖြင့် ယနေ့နံနက် ၁၁ နာရီတွင် တီကျစ်အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရအစာကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူလေးများ၏ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးအတွက် အစာအာဟာရ များကို သင့်တင့်မျှတစွာ စားသုံးနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ တီကျစ်တိုက်နယ်ဆေးရုံမှ တာဝန်ခံ ဒေါက်တာနှင်းသဲထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် KG ကျောင်းသားကျောင်းသူ(၁၀၆)ဦးကို အစာအာဟာရသုံးအုပ်စုတွင် ပါဝင်သော ထမင်း၊ အာလူးအမဲနှပ်၊ အရွက်သုပ်၊ ကုလားပဲဟင်းရည်၊ ငှက်ပျောသီးတို့ဖြစ် နေ့လည်စာ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)