ထားဝယ် သြဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နှာခေါင်းစည်း(Mask)များကို ယနေ့နံနက် ၉ နာရီ က စည်ပင်သာယာရေးအဖွဲ့ရုံးအနီး ရေလမ်းတွင်သွားလာနေကြသည့် ခရီးသွားလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးပြီး နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုနောက် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပြည်သူများ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရန်၊ မကြာခဏလက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြရန်စသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် ကြရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း Mask (၃၅၀)ခု ကိုအခမဲ့ ဖြန့်ဝေပေးကာ လူစည်ကားသောနေရာများတွင် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)