မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် အသိပညာပေးသင်တန်းပို့ချ

မယ်စဲ့  ဩဂုတ် ၃၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ် ပြည့်ပြီးသော အမျိုးသား လူမှုရေးပင်စင် ရရှိရေးနှင့်ပတ်သက်၍ လူမှုရေးပင်စင် အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက နိုင်ငံတော် မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် အသက်(၉၀)နှစ်ပြည့်မှသာ လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ အသက်(၈၅) နှစ်နှင့် အထက်ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ ပေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာမြင့်နှင့် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများက လူမှုဝန်ထမ်း ဦးစီးဌာန လုပ်ငန်းကြီး(၇)ရပ်၊ လူမှုရေးပင်စင်အသိပညာပေး အစီအစဉ်များ၊ အသက်(၈၅)နှစ်ပြည့်ပြီးသော အမျိုးသား လူမှုရေး ပင်စင်ရရှိရေးအတွက် ပုံစံစာရွက်ဖြည့်ခြင်း၊ အရေးကြီးသော လမ်းညွှန်ချက်များနှင့် သိထားသင့်သော အချက် များကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား သင်တန်းပို့ချပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)