လပွတ္တာ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ဝင်ယဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ပုံစံ(၁၀)၊ ပုံစံ(၁၀-က)တို့ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ၃၀.၈.၂၀၂၀ ရက်နေ့မှ စတင်၍ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ထို့နောက် လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံး၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ မော်လမြိုင် ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၄)ဦးနှင့် လပွတ္တာမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း(၆)ဦး၊ လပွတ္တာမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စား လှယ်လောင်း (၆) ဦး တို့ပါဝင်ပြီး မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း (၇)ဦး၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) မှ ကိုယ်စားလှယ်လောင်း (၆)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၀)ဦးတို့၏ အမည်စာရင်း များကို သက်ဆိုင်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသီးသီးကြေညာ ခြင်းကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဝင်းကျော်မြင့် (ပြန်/ဆက်)