စေတုတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

စေတုတ္တရာ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သော မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်း အမှုဆောင်များ၏ သား/သမီးများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ဝန်ထမ်းသားသမီးများနှင့်သမဝါယမအသင်း အမှုဆောင်များ၏ သား/သမီးများအား ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော မြို့နယ်သမဝါယမ ဦးစီးဌာန ဝန်ထမ်း များနှင့် သမဝါယမအသင်း အမှုဆောင်များ၏ သား/သမီး(၁၀)ဦးအတွက် တစ်ဦးလျှင် ဆုငွေကျပ်တစ်သောင်းနှုန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

စည်သူလွင်(ပြန်/ဆက်)