မြစ်ကြီးနား ဩဂုတ် ၃၁
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္ဇမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦး တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ခေါင်လန်ဖူးမြို့နယ်တွင် (၆၅/၄) မိုင်ခန့်ရှိ မဂွေဇ - ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်မှုကြောင့် နေအိမ်များ မဖြစ်မနေပြောင်းရွှေ့ရန် လိုအပ်လျက်ရှိသည့် ကောင်လိုလပ်ကျေးရွာအုပ်စု၊ ဖိုးလုံးကျေးရွာမှ ဦးလယ်မယ်ဖူ၊ ဦးဟဲဇာအားခီဆဲနှင့် ဦးဟဲဇာမီ စသည့် မိသားစုနေအိမ်များကို ပြည်နယ်အစိုးရ (သို့မဟုတ်) လမ်းတာဝန်ယူ ဖောက်လုပ်သည့် ဌာန/ကုမ္ပဏီမှ သင့်တော်သည့် နေရာများသို့ ဆောလျင်စွာ ပြောင်းရွှေ့ပေးရန်၊ ပျက်စီးသွားခဲ့သော ဖိုးလုံးကျေးရွာ လယ်ရေသွင်းမြောင်းများကို ပြန်လည်တူးဖော်ပေးရန်၊ ပျက်စီးသွားခဲ့ရသည့် ရီဒမ်းကျေးရွာမှ မိသားစု(၁)စု၏ လှေကားထစ်လယ်မြေ (၁.၅)ဧကအတွက် အစားထိုး လယ်ဖော်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းမေးမြန်းကြရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မိသားစု(၃)စု၏ ရွှေ့ပြောင်းလိုသည့် နေရာကို ပြောင်းရွှေ့ရန် သက်ဆိုင်ရာအိမ်ထောင်စုများနှင့် ပူးပေါင်းညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာ မိုးစပါးစိုက်ပျိုး ရာသီကုန်ဆုံးသည့် နိုဝင်ဘာလကုန်တွင် ပြောင်းရွှေ့မည်ဟု သိရသဖြင့် ပြန်လည် ရွှေ့ပြောင်းမည့် အချိန်ကာလရောက်လျှင် သက်ဆိုင်ရာ လမ်းဖောက်လုပ်ရေး ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့က ပေါင်းစပ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း၊ ရေသွယ်မြောင်းနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေတွင် ကျောက်စီရေမြောင်း (၅၀၀)ပေရရှိထားပြီး လက်ရှိ(၃၀၀)ပေ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မကြာမီကာလအတွင်း လုပ်ငန်း (၁၀၀)ရာခိုင်နှုန်း ပြီးစီးတော့ မည်ဖြစ်ကြောင်းနှင့် ပျက်စီးသွားခဲ့ရသော လယ်ယာမြေ ဖော်ထုတ်ပေးရေးအတွက် လယ်ပိုင်ရှင်နှင့်အတူ ရီဒမ်းကျေး ရွာတွင် ပူတာအိုခရိုင် ကြီးကြပ်မှု ဖွံ့ဖြိုးရေးရုံး ဒုတိယညွှန်ကြားရေးမှူးနှင့် တွေ့ဆုံပြီး ၎င်း၏ လယ်ယာမြေဖော်ထုတ်ပေးရေးကိစ္စ ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ မံစီမြို့နယ်၊ မံသာကျေးရွာအုပ်စု၊ တုံပုလွေနှင့် မိုင်းခေါင်ကျေးရွာအုပ်စု၊ ပန်ဆပ်ကျေးရွာချင်း ဆက်လမ်းများသည် မိုးရာသီတွင် မြေသားလမ်းကြမ်းပြီး ရွှံ့နွံများ ထူထပ်လျက် ဒေသခံများ ကူးသန်းရောင်းဝယ်ရေး နှောင့်နှေးခြင်း၊ ကျောင်းသား/သူများ ကျောင်းတက်ရန် ခက်ခဲခြင်းများ ကြုံတွေ့နေရပါသဖြင့် တုံပုလွေ-ပန်ဆပ်ကျေးရွာ ချင်းဆက်လမ်း (၇)မိုင် မြေသားခင်းခြင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးက အဆိုပါ ကျေးရွာချင်းဆက်လမ်း မြေသားလမ်း(၇)မိုင်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကျေးလက်လမ်းစာရင်းတွင် ထည့်သွင်းရန် ဆောင်ရွက်ထားဆဲဖြစ်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ပိုင်လမ်း စာရင်းတွင်ပါမှသာ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားတို့ အပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၆)ခုကို မေးမြန်းဖြေ ကြားခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးက “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ နှစ် ဒေသန္တရစီမံကိန်းဥပဒေကြမ်း” နှင့် လွှတ်တော်တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီက ကော်မတီ၏ အစီရင်ခံစာကို တင်သွင်းခဲ့ကြပြီး အစည်းအဝေး ပဉ္ဇမနေ့ကို ရပ်နားလိုက်သည်။
ပြည်နယ်(ပြန်/ဆက်)