သတင်းများ

ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်
Aug 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁) နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်  ထိန်းချုပ် ကုသနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး
Aug 31,2020
တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ  ဌာနဆိုင်ရာများ ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံကာ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။
ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask) တပ်ဆင်ရေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်
Aug 31,2020
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း(mask) တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုများကို အပတ်စဉ် ရုံးဖွင့်ရက်တိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ဩဂုတ် ၃၁ ရက်နေ့တွင် လူစည်ကားရာနေရာဖြစ်သော ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်ရှေ့၌ လမ်းသွားလမ်းလာခရီးသွားပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်း လှည့်လည်စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများအဖွဲ့က အပြင်ထွက်တိုင်းမဖြစ်မနေ နှာခေါင်းစည်း (mask)တပ်ဆင်ဖို့ မမေ့ရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဆင်ပဲသွားလာနေကြသူများကို (mask)တပ်ဆင်ပေးကာ ဒဏ်ငွေ(၁၀၀၀)ကျပ် ကျခံစေ၍ ဝန်ခံကတိလက်မှတ်များ ထိုးခိုင်းစေခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရန် ထိုင်း-မြန်မာ နယ်စပ်ပါချန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ လုံခြုံရေး အထူးဂရုပြုရေး ကွင်းဆင်းဆောင်ရွက်
Aug 31,2020
ကော့သောင်းခရိုင်၊ ခမောက်ကြီးဒေသအတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ရှမ်း(၆)ရွာသည် ပါချန်မြစ်ကြောင်း တစ်လျှောက်တွင် တည်ရှိရာ နယ်စပ်ဒေသလုံခြုံရေး အထူးဂရုပြဆောင်ရွက်ကြရေးအတွက် ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ သည် ဆိပ်ဖူးကျေးရွာနယ်စပ်ဂိတ်သို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင် ရွက်ကြောင်းခဲ့သိရသည်။
လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံးအတွင်းရှိ စားသောက်ဆိုင်ခန်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Aug 31,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဦးနှောက်နှင့် အာရုံကြော ဆေးရုံးဝန်းအတွင်းရှိ စားသောက်ဆိုင်ခန်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဖြူးမြို့၌ ပြည်သူများအား နှာခေါင်းစည်း (mask-၃၀၀၀) အခမဲ့ဝေငှပေး
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စည်ပင်သာယာဈေးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဈေးဆိုင်များ၊ ဈေးလာရောက်ဝယ်ယူသူများအား နှာခေါင်းစည်း(mask)များကို ရှင်သန်ခြင်း၏ ကမ်းလက် များ သွေးအလှူရှင်အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် အခမဲ့ဝေငှပေးခဲ့သည်။
မိုးညိုမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ကွင်းဆင်း ဆောင်ရွက်
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရပ်ကွက်/ ကျေးရွာ အုပ်စုများသို့ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း ထားရှိိရောင်းချနေမှု စစ်ဆေး
Aug 31,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အတွင်းဖွင့်လှစ် ထားသည့် စားသောက် ဆိုင်များတွင် COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းချခြင်းရှိ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဩဂုတ်လ လလယ်ပိုင်းမှ စတင်၍ ဒုတိယအကြိမ် ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။