လသာ သြဂုတ် ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဦးနှောက်နှင့် အာရုံကြော ဆေးရုံးဝန်းအတွင်းရှိ စားသောက်ဆိုင်ခန်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လသာမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ရန်ကုန်ဆေးရုံကြီးအတွင်း ဖွင့်လှစ်ခွင့်ပြုထားသော ဆိုင်ခန်း(၃၄)ခန်းနှင့် ဦးနှောက်နှင့်အာရုံကြော ဆေးရုံဝန်း အတွင်းရှိ စားသောက်ဆိုင်ခန်း(၂၁)ခန်း တွင် လက်ဆေး ဘေစင်များ၊ လက်သန့်ဆေးရည် များ ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး ခြင်းနှင့် ဆိုင်ထိုင်စားသုံးသူ များအား (၃)ပေအကွာ နေရာထိုင်ခင်းများ စီစဉ်ထားရှိခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)