သတင်းများ

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာ
Aug 31,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက်ပိုင်းကြေညာ ကပ်ထားပြီးကြောင်း သိရှိရသည်။
အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ်ကာ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က စတင်ပြီး မုံရွာ-အရာတော်-ရွှေဘိုလမ်း မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ခရီးသွားပြည်သူများအား
ပန်းတနော်မြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ ရက်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင်၊ အရာတော်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ထုတ်ပြန်ကြေညာ
Aug 31,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထားသော လွှတ်‌တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့က စတင်၍ အရာတော်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။
ယင်းမာပင်ခရိုင် ၊ ပုလဲမြို့တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌  ယနေ့  နံနက် ၁၀နာရီက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ကျေးရွာများသို့ အသိပညာပေး
Aug 31,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာနက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နံ့မှုထိန်းချု်ပရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ဒေသခံ ပြည်သူများ ကျယ်ကျယ်ပျံ့ပျံ့ ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက် ၁၁ နာရီမှ စ၍ ဆင်ခြေဖုန်း ကျေးရွာအုပ်စု မရင်းကြီးကျေးရွာ၊ အော်ကြီးကျေးရွာ၊ ကော့မပြင်းကျေးရွာတို့တွင် တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာ ပေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့ နံနက် ၉နာရီ ၃၀မိနစ်က မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းဆောင်ရွက်
Aug 31,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက မြို့မဈေးအတွင်း ပျံကျဈေးသည်နှင့် ဈေးဝယ်များ ရောဂါပိုးကူးစက်ပျံ့ပွားမှုမရှိစေရေး၊ စားသောက်ကုန်များ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန် က အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။