သတင်းများ

သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ဆောင်ရွက်
Aug 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် စာရေး ဝန်ထမ်း များတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက် ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းသင်တန်း ဖွင့်လှစ်
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် ကိုးနှစ်မှဆယ်နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papillioma Virus(HPV)ဆေးထည့်သွင်းထိုးနှံခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနခုတင် ၁၀၀ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ဆရာ၊ ဆရာမများ၊ ကျေးလက် ကျန်းမာရေး ဝန်ထမ်းသင်တန်းသားများ၊ သင်တန်းနည်းပြ ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ရီရီဝင်းနှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၁)ဦးတင်အောင်ထွန်း တို့က တက်ရောက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီး ပြည်သူများ သွားလာရေး အဆင်ပြေ
Aug 31,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက် ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆီဆုံကုန်းကြီး ကျေးရွာ ကျေးရွာအတွင်း မြေသားလမ်းပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာတွင် (စတုတ္ထအကြိမ်) မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေး
Aug 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မုန်တိုင်ကျေးရွာတွင်(စတုတ္ထအကြိမ်) မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေးခြင်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယမြို့၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသည့် နေရပ်ပြန် ပြည်သူများအား ၎င်းတို့၏ သက်ဆိုင်ရာ မြို့နယ်များသို့ လွှဲပြောင်းပို့ဆောင်
Aug 31,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ အသွားအလာကန့် သတ်စောင့်ကြည့် ထားသည့်‌ နေရပ်ပြန်ပြည်သူများအား ၎င်းတို့၏ သက်ဆိုင်ရာမြို့နယ်များသို့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် ကုသရေးကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ပြန်လည် လွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ
Aug 31,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက နွားထိုးကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း၌ စော်ကဲတံတားသစ်ကြီးတည်‌ ဆောက်မှုလုပ်ငန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ နှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး
Aug 31,2020
မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက်နိုင်တော့မည့် စော်ကဲတံတားသစ်ကြီးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေနှင့် အဖွဲ့မှ ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
အမရပူရမြို့နယ်တွင် အိမ်အပြင်ထွက်လျှင် Mask စနစ်တကျ တပ်ဆင်ရေး အသိပညာပေး
Aug 31,2020
အမရပူရမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီတို့နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ အိမ်အပြင်ထွက်လျှင် စနစ်တကျ Mask တပ်ဆင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်း-မန္တလေး လမ်းမပေါ် ရွှေကြက်ယက် တန်ပိုတိုးဂိတ်အနီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။