ပင်းတယ ဩဂုတ် ၃၁
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အတွင်းဖွင့်လှစ် ထားသည့် စားသောက် ဆိုင်များတွင် COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းချခြင်းရှိ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဩဂုတ်လ လလယ်ပိုင်းမှ စတင်၍ ဒုတိယအကြိမ် ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ကော်မတီမှ ဦးမျိုးဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစည်သူဝင်း၊ ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူများ က မြို့မဈေး နှင့် ရပ်ကွက်/ ကျေးရွာများရှိ စားသောက်ဆိုင်များအား COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ လိုအပ်သည့် ရောဂါ ကာကွယ် ရေး ပစ္စည်းများ ထားရှိစေခြင်း၊ လိုအပ်လာပါက အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဆွေးနွေး ခြင်းများ ကို စားသောက်ဆိုင်ပိုင်ရှင် များအား တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍လည်း ပင်းတယမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များကို အပတ်စဉ် ကွင်းဆင်း ၍ အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)