သတင်းများ

လှိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလသတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိရေး ကြပ်မတ်စစ်ဆေး
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်လှိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လ္ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား
လှိုင်မြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကြေညာပေးလျက်ရှိ
Aug 31,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လှိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရ သည်။ ထို့သို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လှိုင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်(ကရင်တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို အများ ပြည်သူသိရှိစေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီနှင့် နှာခေါင်းစည်းများလှူဒါန်း
Aug 31,2020
ကိုဗစ်-၁၉ ကာလအတွင်း ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းကွမ်း အဆင်ပြေစေရန် ဆန်၊ ဆီနှင့် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယနေ့ နံနက်ပိုင်းအချိန်က ပေးအပ်လှူဒါန်းခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က) များ စတင်ကြေညာ
Aug 31,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပေါက်ခေါင်းမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေး လျက်ရှိကြောင်း သိရသည်။
လွိုင်လင်ခရိုင်အတွင်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိ
Aug 31,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လွိုင်လင်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့က လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်သတ်မှတ်ပုံစံ(၁၀)ဖြင့် ကြေညာ ပေးထားကြောင်း သိရသည်။
မျိုးစပါးများအား ဆားရည်စိမ်နည်း လက်တွေ့ သရုပ်ပြသ
Aug 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် ကျိုင်းတောင်းမြို့တွင် မျိုးစပါးများအား ဆားရည်စိမ်နည်း သရုပ်ပြသမှုကို ယနေ့ နံနက်(၁၁)နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့၌ နေအိမ်မှ ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမတပ်ဆင်သူများအား အရေးယူ
Aug 31,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသူများ နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် အရေးယူ ဆောင်ရွက်ခြင်း ကို ယမန်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။