ဖြူးမြို့၌ ပြည်သူများအား နှာခေါင်းစည်း (mask-၃၀၀၀) အခမဲ့ဝေငှပေး

ဖြူး ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စည်ပင်သာယာဈေးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဈေးဆိုင်များ၊ ဈေးလာရောက်ဝယ်ယူသူများအား နှာခေါင်းစည်း(mask)များကို ရှင်သန်ခြင်း၏ ကမ်းလက် များ သွေးအလှူရှင်အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် အခမဲ့ဝေငှပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြူးမြို့၊ စည်ပင်သာယာဈေးတွင် ဈေးရောင်း ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဖြူးမြို့ ရှင်သန်ခြင်း၏ ကမ်း လက်များ သွေးအလှူရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များက နှာခေါင်းစည်း(mask)၃၀၀၀ကို ဝေငှပေးခဲ့ ကြောင်း သိရသည်။

ဖြူး(ပြန်/ဆက်)