မိုးညို ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရပ်ကွက်/ ကျေးရွာ အုပ်စုများသို့ သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်နှင့် ၀န်ထမ်းများက မိုးညိုမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ် ရသေးသူများအား ကွင်းဆင်း စိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပျောက်ဆုံး/ပျက်စီးမှု ရှိသူများ အား မိတ္တူပြန် လည်ထုတ် ပေးနိုင် ရေး၊ အသက် ၁၀ နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်မှ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်သို့ လဲလှယ် ထုတ်ပေးနိုင်ရေးအတွက် သစ္စာ စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကွင်းဆင်းဆောင် ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အညီဆောင်ရွက်ပေးကြောင်း လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုမင်း(မိုးညို)