ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ကျေးသီး သြဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁) နာရီခွဲ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူက လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း၌ ကူးစက်မှုမြန်ဆန်လာသည့်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးကို ရပ်ကွက်/  ကျေးရွာ အုပ်စုများအလိုက် လိုက်နာဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား

ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဦးက ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေး နေကြောင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဦးဇေယျာနိုင်က ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကျေးသီး မြို့နယ်၌ ပထမအကြိမ်ပြုစုထားသည့် မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲစာရင်းအမှန်ကန်ဆုံးရရှိရေး၊ မဲစာရင်း ဖောင်းပွမှုမရှိစေရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အိမ်တိုင်းစေ့ စစ်ဆေးဆောင်ရွက်ဖြစ်ကြောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များမှ သိရှိလိုသည်များ မေးမြန်းခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သဲစုပိုင်(ပြန်/ဆက်)