ကြည့်မြင်တိုင် စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြည့်မြင်တိုင်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံး များ တွင်ကြေညာပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါကြေညာရာသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြည့်မြင်တိုင် မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း၊ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်း၊ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်း များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ကရင်တိုင်းရင်းသား လူမျိုး) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို အများ ပြည်သူသိရှိစေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)