သတင်းများ

မင်းဘူးမြို့၌ ကြက်သွန်နီ ဈေးနှုန်းများကျဆင်းသဖြင့် ကြက်သွန်နီလှောင်ထားသောတောင်သူများ အရှုံးပေါ်
Sep 01,2020
မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး လက်ကားဈေး တစ်ပိဿာ ကျပ် ၄၀၀ သာရှိတော့သဖြင့် ကြက်သွန်နီဈေးတက်ဖို့ မျှော်လင့်ပြီး လှောင်ထားသော တောင်သူ များ အရှုံးပေါ်နေကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ကျေးသီးမြို့နယ်တွင် ဆရာဝန်များနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် Mobile Tablet ဖြန့်ဝေပေး
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်တွင် ဆရာဝန်နှင့် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အတွက် Mobile Tablet ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အနာဂတ်မှ လူငယ်လူရွယ် ကလေးများကို မူးယစ်ဆေးဝါး၏သားကောင် မဖြစ်စေလို
Sep 01,2020
ရှေးခေတ်က မြန်မာနိုင်ငံတွင် အလေ့ကျတောင် မပေါက်ခဲ့ဖူးသော ဘိန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်၊ ခရစ်နှစ် ၁၅၁၈ ခုနှစ်လောက်က ဥရောပတိုက်မှ ဗင်းနစ်မြို့သား ဝိသမစီးပွားရေးသမား ကုန်သည် ဆီဇာဖရက်ဒရစ်သည်။ သင်္ဘောဖြင့် ဘိန်းများတင်လာခဲ့ပြီး ပဲခူးမြို့ဆိပ်ကမ်းမှာ ရောင်းချခဲ့ရာမှ မြန်မာ နိုင်ငံသည် မူးယစ်ဆေးဝါး အန္တရာယ်ကျရောက်သော နိုင်ငံဖြစ်လာတော့သည်။
ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း(၄၃)ဦးထိရှိလာ
Sep 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း (၄၃)ဦးထိရှိလာပြီး ယခင်(၂၀၁၅)ခုနှစ်တွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြ သည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းထက် (၁၃)ဦး ပိုတိုးလာကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ပြန်လည်စွန့်လွတ်မြေမှ လူနေထိုင်ရန်အတွက်မြေကွက်များအား မဲစနစ်ဖြစ်ရွေးချယ်ပေး
Sep 01,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် အမှတ်(၈)လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ပြန်လည်စွန့်လွတ်သည့်မြေမှ တောင်သူများအား ကျောင်းစုတိုးချဲ့ရွာမြေအဖြစ် နေရာချထားပေးမည့် မြေကွက်များအား မဲစနစ်ဖြင့် ရွေးချယ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မရမ်းခုံကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ မှတ်ပုံတင်မပြုလုပ်ရသေးသော အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းပြုလုပ်ပေး
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှတ်ပုံတင်မပြုလုပ်ရသေးသော ဒေသခံ ပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ရုံးမှ သိရသည်။
ကမာရွတ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကပ်ထားကြေညာပေး
Sep 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကမာရွတ်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်ကာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။