မော်လိုက် စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ များ အား အသိပညာ ပေးရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီ က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးကဏ္ဍများ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား မေးမြန်းခဲ့ ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရ သည်။
မော်လိုက်သားလေး