ကျွန်းလှတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ လှူဒါန်း

ကျွန်းလှ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် Covid-19ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ အလွယ်တကူ အသုံးပြနိုင်ရန်လှူဒါန်း ထားကြောင်း သိရသည်။

 “ကျွန်တော်တို့လူငယ်များ၊ အလှူရှင်များ ပူးပေါင်းပြီး Covid-19 ကာကွယ်ရေးအတွက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ခရီးသွားပြည်သူများ၊ ဈေးသည်များ၊ ဈေးဝယ်များ နှာခေါင်းစည်းအခမဲ့အသုံးပြု နိုင်ရန် လှူဒါန်းထားပါတယ်။ တစ်ဦးကို တစ်ခုနှုန်း သုံးစွဲနိုင်ပြီး တစ်နေရာတွင် တစ်နေ့ နှာခေါင်းစည်းအခု (၁၅၀) ထားမည်ဖြစ်ပါတယ်” ဟု ကိုအောင်နမိတ်က ပြောကြားခဲ့သည်။

အဆိုပါ နှာခေါင်းစည်းများကို ဘူတာရုံ၊ ကားဂိတ်၊ ဆေးရုံ၊ မြို့ပေါ်ဈေးများ၊ လမ်းဆုံ စသည့် နေရာ(၆)နေရာတွင် လှူဒါန်းထား ရှိကြောင်း သိရှိရသည်။

မျိုးဝင်းညို(ကျွန်းလှ)