ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Uni Energy Co.,Ltdတို့ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး
Sep 01,2020
Uni Energy Co.,Ltd သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ်းမချောင်း ပေါ်တွင် 25.2 မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်မည့် နမ့်မရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် MOA လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။