ရွှေတောင် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ ကြာနီ ကန်ရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ထောက်ပံ့ငွေများ သွားရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့နေအိမ်များရှိ စုစုပေါင်း လူဦးရေ(၆၄၈)ဦးအတွက် ဆန်ရိက္ခာဘိုးတစ်ဦး လျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် (၁၃၆၀၈၀၀) ကျပ် အိမ်ထောင်စု (၁၅၉)စုအတွက် တစ်စုလျှင် ဆပ်ပြာတစ်ထောင့် လူဦးရေ (၆၄၈)ဦးအတွက် တစ်ဦးလျှင် mask နှစ်ခုနှုန်းဖြင့် (၁၂၉၆) ခုအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)