ဂန့်ဂေါ စက်တင်ဘာ ၁
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွါးနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကို ယမန်နေ့ က ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အမှာစကားပြောကြားသည်။
ထို့နောက် ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာန CASE MANAGER ဒေါ်ဟေသီဦး က ကိုယ်ဝန် ဆောင် မိခင်များအား ငွေကြေးထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ဘယ်သူတွေအကျိုးခံစား ခွင့်ရှိမလဲ၊ ဘယ်လိုအထောက် အထားတွေ လိုသလဲ၊ အကျိုးခံစားခွင့်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၊ စာရင်းကောက်ယူခြင်းကာလ၊ ထောက်ပံ့ငွေ ရနိုင်သည့် နည်းလမ်းများ၊ ငွေဗိုက်အား ဒေါင်းလုပ်လုပ်ခြင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးသည်။
ရှင်းလင်းပွဲသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း သိရသည်။
တောင်သားမောင်သန်း